ချစ်နတ်သားလေး
- ချစ်သူ...
ဟိုးအဝေးအစ
အေးမြတဲ့ လေပြေညှင်းနဲ့
ဖူးသစ်စ နံနက်ခင်းမှာ
ငါ့ ကောင်းကင်ဟာ
ပန်းနုရောင်သန်းနေခဲ့တာနော်...
- ချစ်သူ...
မကျွမ်းသာ အလှမ်းကွာစဉ်က
ခရမ်းပြာအိမ်မက်
ခါခါနှိပ်စက်လို့
အိပ်ပျက်ခဲ့တဲ့
ပန်းဗေဒါ
သေချာတာကို
ဖွေရှာရင်း
ချစ်ခြင်းရဲ့ သီအိုရီတွေ
အကျဉ်းကျနေတဲ့ ခဏမှာ
ငါ့ကောင်းကင်ဟာ
အနက်ရင့်ရောင် လွှမ်းခဲ့ရပြီ...
- ချစ်သူ...
အလှောင်၊ အပြောင်၊ ရယ်
ကျီစယ်ခြင်းတွေနဲ့
ပိတ်လှောင်မွန်းတဲ့
ဘ၀တစ်ခုအတွင်း
အပြစ်ကင်းစွာ ချဉ်းလာခဲ့သူတွတ်
ဖြေဆည်ရာ နေမကွယ်ပါသေးရင်
မင်းလက်နဲ့
ငါ့ကောင်းကင်
ဒီမှာ ပန်းနုရောင်မင်တစ်ခွတ်
ဖြည့်စွက်ပါ
ချစ်သူရယ်...။ ။
ချစ်နတ်သားလေး
.......ချစ်နေအုံးမယ်........
ဘ၀တစ်ကွေ့မှာ
တခဏတွေ့ကြပေမဲ့
တစ်ဘ၀တာမေ့မရတဲ့
အချစ်တွေနဲ့
မျှော်လင့်ရတဲ့ သူကကိုယ်ပါ......
အကြင်နာတရား
ရင်မှာပေါက်ဖွားလာတော့
ချစ်တယ်လို့ပြောခဲ့ပေမဲ့
ပြန်လည်ချစ်ခွင်မရခဲ့ပဲ
အမုန်းတွေနဲ့ကျန်ခဲ့သူကကုယ်ပါ.......
အနုအလှမချယ်တဲ့
သမုဒယအလယ်မှာ
ယ္ခုဘ၀တွဘင်မကနောင်ဘ၀ထိ
မပြယ်တဲ့မောတ္တာတွေနဲ့
ချစ်နေအုံးမှာပါ...........
ချစ်နတ်သားလေး
.......................... သိပ်ချစ်လို့ပါ.....................
ဘ၀တကွေ့
ခဏတွေ့လဲ
အမြဲရင်မှာ
အစဉ်သာဖြစ်
၇င်မှချစ်ခြင်း
အမုန်းကင်းစင်
ရင်တွင်းထာဝရ
မေ့မရတာ
သိပ်ချစ်လို့ပါ.............
ချစ်နတ်သားလေး
အချစ်ဆိုတာကို..မယုံခဲ့ တဲ့ ငါ
ခုတော့ နင်နဲ့ တွေ့ မှချစ်တတ်တာလို့ ပြော၇င်မယုံမှာသီ၇ဲ့ နဲ့ 
တခွန်းလောက်တော့ နင်သိအောင်ဖွင့် ပြောချင်တယ်
နင့် ကိုသိပ်ချစ်တယ်..............................
ချစ်နတ်သားလေး
လေအနှင်လှိုင်းလုံးတွေနဲ့
ပစုပ်ပန်လှေကိုစီးပြီး
အနာဂတ်ကမ်းခြေကို
ဆိုက်ရောက်မဲ့ အချိန်မှာ
အတိတ်က
အတူဖြတ်သန်းလာခဲ့ကြတဲ့
လမ်းခရီးတွေကိ
ပြန်လည်တောင်းတနေမိတရ်
ဒါပေမဲ့ ကျော်လွန်သွားခဲ့လေပြီ
ပြန်လိုချင်တိုင်းမရနိုင်တော့တဲ့
အတိတ်က ဇာတ်လမ်းတွေကိုပေါ့....