ဒီ Blog စရေးသူများနှင့် Menu bar တော့ ဘလော့ တစ်ခုစရေးသူတိုင်း အရမ်းစိတ်ညစ်ဖို့ ကောင်းတဲ့ ပြသနာတစ်ခုပါ ။ ဘာလို့ဆိုတော့ သူများ မီနူဘားကို တွေ့ပြီး ကိုယ်လည်းလုပ်ချင်..
လုပ်ဖို့ စဉ်းစားလိုက်တော့ HTML ကနေ လုပ်ဖို့လည်း ခုမှ စရေးတာမို့ မပြင်ရဲ မပြင်တတ်သေးပေ ။ ဒါကြောင့် လွယ်လွယ်လေးလုပ်ချင်တာ ။ ဒါပေမယ့် မရ... မရတော့ ဘာကိုစဉ်းစားမိကြလဲဆိုတော့ New page ကနေ တင်မယ်ဆိုပဲ Menu bar အတွက်ပေါ့ ။ ဟုတ်တော့ ဟုတ်ပါပြီဗျာ ။ New Page က Menu ကို ဖြစ်စေချင်ပြီ ။ New page တစ်ခုက ပိုစ့်တစ်ခုစာပဲ ရတယ် ။ ဒါဆို သက်သက်ထပ်ရေးမယ်ဆို ပိုစ့်ပေါင်းတစ်ရာဆိုရင် မီနူကလဲ တစ်ရာဖြစ်နေပြီနော် ။ ဒီလိုတွေးတဲ့ အကိုတစ်ယောက်က ကျွန်တော်က အတင်းလာရေးခိုင်းလို့ အလုပ်က ပြန်လာတာနဲ့ ရေးပေးလိုက်ပါတယ် ။
ခုကျွန်တော်သုံးနေတဲ့ Menu က Labels ကနေ ယူတာပါ ။ အပေါ်က မီနူတစ်ခုခုကို ဖွင့်ကြည့်လိုက်ပါ ။ Labels နဲ့ သုံးတာဖြစ်ကြောင်းကို ထောက်ခံနေလိမ့်မယ်...
ဒါလောက်ဆို Menu နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို သဘောပေါက်မယ် ထင်ပါတယ်ဗျာ ။ ကဲ ခု Menu တစ်ခုကို လုပ်ဖို့ Code ကို ပေးလိုက်မယ်... မိမိရဲ့ လိပ်စာတွေကို ပြောင်းပေးလိုက် ရုံတင် ...
<a href="http://chitnetthar.blogspot.com/">
<button>Home</button></a> ပါ ။ အဲဒီမှာ ပြင်သင့်တာတွေကို ပြင်ပေးလိုက်ပါ ။ တစ်ခုပဲ နမူနာ ပေးလိုက်တာ ။ မိမိဖာသာမိမိ ကော်ပီ ပတ်လိုက်ပြီး ပွာနိုင်ကြောင်းပါ မိမိလုပ်အပ်သလောက်ပေါ့ ။ အဲဒါတွေကို Design >>>Add a Gadget >>> HTML/Javascript ကို ရွေးပြီး ထည့်ပေးပြီးတော့ စမ်းပါ ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ။
0 ယောက်မှတ်ချက်ပြုသည်:
Post a Comment